* နံပါတ် (၅) ကျွန်တော်ရေးတဲ့သူ့ဋီကာ

 📝 ကျွန်တော်ရေးတဲ့သူ့ဋီကာ 📝

   ရက်စွဲ - ၂၈.၁၂.၂၀၁၈

သူ....

ဆောင်းရာသီ မှန်၏။

မချမ်း မအေး

သို့သော် အသည်းခိုက်အောင် နေစိမ့်၏။

***

သူ....

ဆောင်းရာသီ မှန်၏။

နှင်းများမထူထပ်

သို့သော် စိတ်အစဉ်ကို မြူ မှုန်ဆိုင်းစေ၏။ 

***


သူ....

ဆောင်းရာသီ မှန်၏။

မြစ်ရေသည် မခဲ

သို့သော် နှလုံးသားကား ကျောက်ဖြစ်ရုပ်ကြွင်းလေလား?

***


သူ....

ဆောင်းရာသီ မှန်၏။

ခမ်းနားထည်ဝါ နှစ်လိုဖွယ်ကောင်း၏။

သို့သော် အညတရသာဖြစ်၏။

***


သူ....

ဆောင်းရာသီ မှန်၏။

ရာသီပန်းများ ပွင့်လန်း၏။

အရောင်အသွေးစုံလင်၏။

သို့သော် နှင်းဆီခိုင်မဟုတ်ပါပေ။

***


သူ....

ဆောင်းရာသီ မှန်၏။

အသစ်အသစ်တို့ သစ်လွင်ပြီးနောက်

တဖန် အသစ်အသစ်တို့ သစ်လွင်လာလိမ့်မည်။

ထို့ကြောင့် စွန့်လွှတ်တတ်ဖို့လိုကြောင်း တွေးမိစေ၏။ 


ကလောင်အမည် - သက်ကေသရာ

Comments

Popular posts from this blog

* နံပါတ် (၁၀) ခွင့်မပြု