* နံပါတ် (၄) ကင်မရာ

ရက်စွဲ - ၁၃.၀၂.၂၀၁၈

အနက်ရောင်တွေကိုအကျဉ်းချ

မှောင်မိုက်နေတဲ့ကမ္ဘာငယ်

ကိုယ့်မှာ မျက်လုံးတစ်လုံးပဲရှိခဲ့တယ်

***

အရာရာကို အသားတကျ

မျက်တောင်အဖွင့်အပိတ်ကြားမှာ

မင်း ထုတ်ဖော်မြွက်ကြားခြင်းမရှိခဲ့တဲ့

ကြီးမြတ်ခမ်းနားခြင်းများစွာ

ကိုယ်မြင်နိုင်ခဲ့တယ်

***

အလင်းတံခါးကိုခေါက်

ကဆုန်ပေါက်ဝင်လာတဲ့

ဆုံမှတ်တွေ စုချည်

ဘော်ငွေရောင် ကိုယ့်နှလုံးသားပေါ်မှာ

ပုံရိပ်စစ်တွေသာဖြတ်သန်းခွင့်ပေးခဲ့တယ်

***

သေသေသပ်သပ် "ချိန်တာ" ညှိခဲ့သော်လည်း

ပြန်လင်းတန်းတွေမှာ အလွမ်းသက်ခဲ့တော့

ခေတ်ဆွေးထဲက ကင်မရာဟောင်းတစ်လုံးလို

မုန်းမေ့မေ့......ထားရစ်ခဲ့ပါ မေ။

ကလောင်အမည် - သက်ကေသရာ

Comments

Popular posts from this blog

* နံပါတ် (၁၀) ခွင့်မပြု

* နံပါတ် (၅) ကျွန်တော်ရေးတဲ့သူ့ဋီကာ