* နံပါတ် (၉) ခရီးသည်
ရက်စွဲ - ၁၃.၀၃.၂၀၁၈
နာရီလက်တံတွေရဲ့ဓားလွယ်ခုတ်အရပ်ကနေ
ငါဟာခရီးရှည်တစ်ခုကိုခြေဆန့်နေခဲ့မိတယ်။
ဘူတာအမှတ်စဉ်တပ်တာမှားယွင်းနေပေမယ့်
ရထားကတော့ အလျားလိုက်ခုတ်မောင်းဆဲ
ဒုတိယဘုရားသခင်ကို မော်ဖူးရဖို့
ငါမြှုပ်နှံခဲ့ရတဲ့ နံရိုးတွေ
မွေးရပ်မြေမှာပဲရှိတော့တယ်
လက်ယပ်ခေါ် နေတဲ့ရွှေအိုရောင်တံလျှပ်တွေနောက်လိုက်ရင်း
ငါ့အဇ္ဈတ္တဟာ ခဏခဏချော်လဲနေတော့တာပဲ
ဘယ်အခြေခိုင်မလဲ?
ငါ့နံရိုးတွေကငါ့မွေးရပ်မြေမှာလေ။
အဖြူအိုရောင်လေးပေါ့…
ကလောင်အမည် - သက်ကေသရာ
Comments
Post a Comment