* နံပါတ် (၈) ကူးပြောင်းချိန်

 

ရွာတော့မလို၊ ပြိုတော့မယောင်

မိုးသားတိမ်လိပ်၊ အရှေ့ထိပ်မှ

ရွေ့ရွေ့ချဉ်းလာ၊ သွေ့သွေ့ပူပြင်း

နေ့လည်ခင်းကား၊ မလင်းမမှုန်

သုန်သုန်သွေးဆော်၊လေပြေသော်မှ

ဖျဖျဖြူးစဉ်၊ ကုက္ကိုရွက်အို

ကြွေသည့်ခဏ၊မှင်သက်မိသည်

မူမမှန်သော..

ရာသီပြောင်းချိန်ပါပဲလေ။ ။

***

ထွက်တော့မလို၊ ဝင်တော့မယောင်

ပြင်းပြင်းရှူရှိုက်၊ မောဟိုက်နွမ်းလျ

ဝမ်းသာဝမ်းနည်း၊ လွမ်းမိတန်တန်

သန်မြန်တုန်းက၊ ထုံးဖွဲ့မာန

စာဂမရှိ၊ မသိဘာဝနာ

မေ့လျော့ကျေးဇူး၊ ပြုဖူးသူအား

ထူးထူးစွဲလမ်း၊ မမြဲဥစ္စာ

လောဘရမ္မက်၊ ဖက်တွယ်မိခဲ့

နေကွယ်ခဏ၊ နောင်တရသည်

မသေချာသော…

ဘဝကူးချိန်ပါပဲလေ။      ။

ကလောင်အမည် - သက်ကေသရာ 

Comments

Popular posts from this blog

* နံပါတ် (၁၀) ခွင့်မပြု

* နံပါတ် (၅) ကျွန်တော်ရေးတဲ့သူ့ဋီကာ