* နံပါတ် (၆) ကိုးတောင်ပြည့်ကျောင်း ဂုဏ်ပြု ဖွဲ့ (အဖြည့်ခံ ရတု)
ရက်စွဲ - ၂၀၁၉
ချိန်သီယွန်းလာ၊ မြန်ပြည်သာနှံ့၊ ဝေဆာပွင့်ဖူး၊ စေတီထူးအား၊
ရည်စူးပူဇော်၊ မြို့သဲတော၌၊ ဘုန်းတော်မိုးဝေ၊ သို့ဖြစ်ပေက၊
ရှိစေကျောင်းတော်၊ တွေးထောက်မျှော်လျက်၊ သဘောတူညီ၊
ကိုးကွယ်တည်သည်၊ ကျောင်းမည်အတိ၊ "ကိုးတောင်ပြည့်"ဟု၊
တပည့်သံဃာ၊ မြောက်မြားစွာတို့၊ လေ့လာကျင့်ကျက်၊ ပိဋကတ်ကို၊ အတတ်သင်လျှင်၊ ဖြေဆိုဝင်ရောက်၊ အောင်မြင်လေဘိ၊
ဂွမ်းဆီထိသို့၊ ပီတိဝေသော်၊ ဒကာတော်တို့၊ တွေးမျှော်ကုသိုလ်၊ ရယူလို၍၊ မဂ်ဖိုလ်မှန်းကာ လှူဒါန်းပါသည်၊
နတ်လူသာဓု ခေါ်စေသော်ဝ်။ ။
***
ထိန်ကြည်ရွှန်းသာ၊ ဒေါင်းဖန်ဝါသို့၊ ထွန်းလာဘိတွင်၊ မြို့ဂုဏ်အင်ဆောင်၊ သားကိုးတောင်တို့၊ ထမ်းဆောင်မှုခင်း၊ ညီနောင်ချင်းကွဲ၊
ဖြစ်ချင်းဖြစ်လျှင်၊ မြူ မင်းလွင်တို့၊ မှိုင်းစင်ဝန်းရွှေ့၊ ထိုသည့်နေ့ဝယ်၊
ဆုံတွေ့ရရန်၊ အကြောင်းဖန်ခိုက်၊ ထိပ်ပန်ဦးတင်၊ ဆရာရှင်သို့၊
လန်းရွှင်စိတ်တွေ၊ ဖိတ်ဝေစွာဖြင့်၊ မမေ့သင့်ပေ၊ ပညာ့မြေနှစ်၊
ဖြစ်တည်ရှိသည်၊ မှတ်ယူနောင်ထု ညီစေသော်ဝ်။ ။
ကလောင်အမည် - သက်ကေသရာ
Comments
Post a Comment