* နံပါတ် (၁၀) ခွင့်မပြု
ရက်စွဲ - ၁၆.၀၉.၂၀၁၈ ဒဲ့ဒိုးပဲပြောပါ သွားကြိတ်ပြီးမစဉ်းစားချင် ပမာခိုင်းနှိုင်းမပြပါနဲ့ မျက်လုံးပြူ းပြီး ပုံဖော်မကြည့်ချင် ဆိုရိုးစကားတွေ မကိုးကားပါနဲ့ ခေါင်းကုတ်ပြီး ကြောင်တောင်တောင်မဖြစ်ချင် သမိုင်းအထောက်အထားတွေ မသုံးပါနဲ့ ခွေးအကြီးလှည်းနင်းသလို မဖြစ်ချင် ကလောင်အမည် - သက်ကေသရာ